ပိုမိုကျယ်ပြန့်သော လုပ်ငန်းတစ်ခုဖြစ်လာရန်!

Ohio Myanmar International ၏ ကမ္ဘာလုံးဆိုင်ရာ ရှုထောင့်အနေဖြင့် နိုင်ငံတကာ ဆက်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် အားသွန်ခွန်စိုက် ကြိုးပမ်းလျက် ရှိပါသည်။ ကမ္ဘာလုံးဆိုင်ရာ အကျိုးသက်ရောက်မှုများ ရရှိလာစေရန် ကမ္ဘာ့နိုင်ငံများ၏ အရေးပါမှုများကို အလေးပေးကာ ဆောင်ရွက်လျက် ရှိပါသည်။

ထပ်မံကြည့်ရှုရန်
အတူတူ ကြိုးစားကြရင်း တိုးတက်လာစေရန်

လူငယ်များ၏ တိုးတက်ဖွံဖြိုးရေးနှင့် လေ့ကျင့်ပေးမှုများကို ဦးစားပေးခြင်းဖြင့် Ohio Myanmar International သည် စည်းလုံးညီညွတ်မှုနှင့် အတူတကွ တိုးတက်မှုအစဥ်အလာကောင်းကို ပြုစုပျိုးထောင်ပေးလျက်ရှိပါသည်။ ပူးပေါင်းကြိုးပမ်းမှုများမှ ဖြစ်ပေါ်လာသော အားအင်များကို စုစည်း၍ ကျွန်ုပ်တို့၏ ရည်မှန်းချက်ဖြစ်သော အချင်းချင်း စည်းလုံးညီညွတ်မှုနှင့် အပြန်အလှန် ပံ့ပိုးကူညီမှုများကို အလေးထားလျက် လူ့ဘောင်အဖွဲအစည်းတစ်ခုကို တည်ဆောက်လျက် ရှိပါသည်။

ထပ်မံကြည့်ရှုရန်
လူမှုပတ်၀န်းကျင်ကို အကျိုးပြုရန်

Ohio Myanmar Intenational သည် အပြုသဘောဆောင်သော သက်ရောက်မှုများကို ပြုလုပ်ခြင်းနှင့် အခြားသူများအား ကူညီပေးခြင်းတိုကို အလေးပေးဆောင်ရွက်လျက် ရှိပါသည်။ လိုအပ်နေသူများကို ကူညီပံ့ပိုးပေးခြင်း၊ နွေးထွေးသော မေတ္တာများကို မျှ၀ေပေးခြင်းအားဖြင့် ကျွန်ုပ်တိုသည် လူတိုင်းအတွက် ပိုမိုဂရုစိုက်သော ပိုမိုကောင်းမွန်သော လူ့ဘောင်အဖွဲအစည်းတစ်ခုကို ဖန်တီးနိုင်ရန် ရည်ရွယ်ပါသည်။

ထပ်မံကြည့်ရှုရန်
vision_img

မိမိတို့၏မျှော်မှန်းချက်

ပညာရေးဖွံဖြိုးတိုးတက်မှုကို အထောက်အကူပြုရေးနှင့်အတူ ရေရှည်တည်တံ့နိုင်မည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အင်တိုက်အားတိုက် ဆောင်ရွက်ရန်။
အနာဂတ်တွင် Ohio Myanmar International သည် ကျယ်ပြန့်စွာ လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်။

မိမိတို့၏ရည်မှန်းချက်

ပညာရေး၊ စီးပွားရေး နှင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး ကို အထောက်အကူပြုမည့် လူ့စွမ်းအား အရင်းအမြစ်များ၊ စွမ်းရည်များ ကို မြှင့်တင်နိုင်ရန်။

vision_img
president-img president-img president-img

ဥက္ကဌ၏ အမှာစကား

နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်တွေဟာ လူငယ်တွေပါ။ လူငယ်တွေရဲ့စွမ်းအားရင်းမြစ်တွေကို ပြုစုပျိုးထောင်ပြီး ပညာရေးကို အခြေခံသော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကွန်ရက် (Global Business Network) ကို အကောင်အထည်ဖော်သွားချင်ပါတယ်။ (pandemic, crisis, disaster) စတဲ့ အခက်ခဲဆုံး အချိန်တွေကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခြင်းဟာ ခေါင်းဆောင်ကောင်းတို့ ရဲ့ အရည်အချင်းပါ။ ဒီလိုအရည်အချင်းရှိတဲ့ အနာဂတ်ခေါင်းဆောင်တွေ ကို စနစ်တကျမွေးထုတ်ပြီး နိုင်ငံတကာ နဲ့ ကွန်ယက်ချိတ်ဆက်ပြီး ပညာရေး၊ သိပ္ပံ နဲ့ နည်းပညာ၊ စီးပွားရေးများ စသည်တို့ကို လက်တွဲလုပ်ဆောင်နိုင်စေခြင်းဟာ ကိုယ့်နိုင်ငံ ရဲ့ တိုးတက်မှု အလားအလာ ပါပဲ။

ကုမ္ပဏီ၏ လုပ်ငန်းများ


နိုင်ငံတကာနှင့် ချိတ်ဆက်လုပ်ငန်းဌာန

ဝန်ဆောင်မှုဌာန

ပို့ကုန်နှင့်သွင်းကုန်လုပ်ငန်း

လက်ကားရောင်းဝယ်ရေး

ပညာရေးဌာန

လူမှုရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဌာန